Java Variables
Variables ဆိုသည်မှာ data values များ memory ပေါ်တွင် သိမ်းဆည်း (Store) လုပ်ရန် အသုံးပြုသော နေရာ (containers) များကို ဆိုလိုသည်။
Java တွင် အမျိုးမျိုးသော data types များနှင့် variables များစွာရှိသည်။ ဥပမာ...
- String - "Hello" ကဲ့သို့သော စာ (Text) များ သိမ်းဆည်းနိုင်ပြီး String value များအား " (double quotes) အဖွင့်အပိတ်များကြား ရေးသားရသည်။
- int - ကိန်းဂဏန်းတန်ဖိုး integers (numbers) များသိမ်းဆည်းနိုင်ပြီး ဒသမ (decimals) တန်ဖိုးများ မပါဝင်ပေ။ ဥပမာ 123, -123 ကဲ့သို့ အပေါင်း သို့ အနှုတ် ကိန်းပြည့်တန်ဖိုးများဖြစ်ကြသည်။
- float - ဒသမ (deimals) ပါသော floating point numbers များ သိမ်းဆည်းနိုင်သည်။ ဥပမာ - 19.99 သို့ -19.99
- char - 'a' သို့ 'B' ကဲ့သို့သော တစ်လုံးတည်းသော အက္ခရာ (single character) များ သိမ်းဆည်းနိုင်ပြီး ၄င်းအား ' (single quote) များ အတွင်းရေးသားရသည်။
- boolean - true or false, yes or no ကဲ့သို့ ဟုတ်တယ် မဟုတ်ဘူး အခြေအနေပြတန်ဖိုးများသာ သိမ်းဆည်းနိုင်သည်။
Declaring (Creating) Variables
Variables များ ကြေညာခြင်း
Variable တစ်ခု ကြေညာရန် သီးခြား type တစ်ခု သတ်မှတ်ရပြီး တန်းဖိုး (value) အား သတ်မှတ် (assign) လုပ်ရသည်။
type variableName = value;Type ဆိုသောနေရာတွင် String (သို့) int ကဲ့သို့သော Java ၏ data type များသာဖြစ်ရပြီး၊ variableName ဆိုသည်မှာ ကြေညာလိုသော variable ၏ အမည်ကို သင့်တော်ရာ မိမိနှစ်သက်သလို ပေးနိုင်သည်။ ထို့နောက်တန်ဖိုး (value) အား ၄င်း variable အတွင်း သတ်မှတ် (assign) လုပ်ပေးရသည်။
စာသား(text) သိမ်းဆည်းနိုင်သော variable တစ်ခု ကြေညာရန် အောက်ပါ ဥပမာ အတိုင်းရေးသားရသည်။
ဥပမာ။
name ဟုခေါ်သော "String" data type variable တစ်ခုအား "John" ဆိုသည့် အမည်တန်ဖိုး (value) တစ်ခု အစားသွင်း(assign) လုပ်ခြင်း အား အောက်ပါအတိုင်း ရေးသားနိုင်သည်။
String name = "John";
System.out.println(name);ကိန်းဂဏန်း (number) တန်ဖိုး သိမ်းဆည်းနိုင်သော variable တစ်ခု ကြေညာရန် အောက်ပါ ဥပမာ အတိုင်းရေးသားရသည်။
ဥပမာ။
myNum ဟုခေါ်သော int data type variable တစ်ခုအား ကိန်းဂဏန်းတန်ဖိုး "15" အစားသွင်း (assign) ခြင်းအား အောက်ပါအတိုင်း ရေးသားနိုင်သည်။
int myNum = 15;
System.out.println(myNum);တန်ဖိုး (value) အား တခါတည်း အစားသွင်း(assign) ခြင်းမပြုလုပ်သေးဘဲ variable တစ်ခုအား ကြေညာနိုင်ပြီး အစားသွင်း (assign) ခြင်းအားနောက်ပိုင်းမှလည်း ပြုလုပ်၍ရနိုင်သည်။
ဥပမာ။
int myNum;
myNum = 15;
System.out.println(myNum);မှတ်ချက် - အကယ်၍ သင်ဟာ တန်ဖိုး (value) အသစ်အား ကြေညာထားပြီးသား variable တစ်ခုအတွင်းသို့ အစားသွင်း (assign) ခြင်းပြုလုပ်ခဲ့လျှင် variable အတွင်း ယခင်ရှိထားသော တန်ဖိုး (value) သည် ပြောင်းလဲ (overwrite) သွားမည်ဖြစ်သည်။
ဥပမာ
myNum ၏ တန်ဖိုး 15 မှ 20 သို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။
int myNum = 15;
myNum = 20; // myNum is now 20
System.out.println(myNum);Final Variables
အကယ်၍ သင်ဟာ variable တစ်ခုအဲ့ တန်ဖိုး (value) အား တစ်စုံတစ်ယောက် ဒါမှမဟုတ် သင်ကိုယ်တိုင် ဖြစ်စေ ရှိပြီးသားတန်ဖိုး(value) အား ပြောင်းလဲ (overide) ခြင်းမှကာကွယ်နိုင်ရန် "final" keyword အား အသုံးပြု၍တားမြစ်ထားနိုင်သည်။
( variable တစ်ခုအား "final" သို့ "constant" ကြေညာထားခြင်းမှာ ၄င်း၏တန်ဖိုးအား ပြုပြင်ပြောင်းလဲခြင်း မရနိုင်စေရန်နှင် read-only အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။)
ဥပမာ။
final int myNum = 15;
myNum = 20; // will generate an error: cannot assign a value to a final variableOther Types
အခြားသော data types ဖြင့် variables များ ကြေညာ (declare) လုပ်ခြင်း အား အောက်ပါ နမူနာများအတိုင်းဖြစ်သည်။
ဥပမာ။
int myNum = 5;
float myFloatNum = 5.99f;
char myLetter = 'D';
boolean myBool = true;
String myText = "Hello";Java Print Variables (Display Variables)
Java တွင် println() method သည် variable များအား output ထုတ်ပြရာတွင် အသုံးပြုလေ့ရှိသည်။
သာမာန် စာသား (text) တစ်ခုနှင့် variable တစ်ခုအား ပေါင်းစပ်နိုင်ရန် "+" character အား အသုံးပြုနိုင်သည်။
ဥပမာ။
String name = "John";
System.out.println("Hello " + name);"+" character သည် variable တစ်ခုအား အခြား variable တစ်ခုအတွင်းသို့ ပေါင်းထည့်ရာတွင်လည်း အသုံးပြုနိုင်သည်။
ဥပမာ။
String firstName = "John ";
String lastName = "Doe";
String fullName = firstName + lastName;
System.out.println(fullName);ကိန်းဂဏန်းတန်ဖိုးများ အတွက် "+" character သည် သင်္ချာဆိုင်ရာ သင်္ကေတ (mathematical operator) ကဲ့သို့ အသုံးပြုနိုင်သည်။
ဥပမာ။
int x = 5;
int y = 6;
System.out.println(x + y); // Print the value of x + yအပေါ်က ဥပမာတွင်
x သည် တန်ဖိုး 5 အား သိမ်းဆည်းထားသည်။
y သည် တန်ဖိုး 6 အား သိမ်းဆည်းထားသည်။
ထို့နောက် println() method အား အသုံးပြု၍ x နှင့် y ၏ တန်ဖိုးများ ပေါင်းခြင်းရလဒ် 11 အား ပြပေးခြင်းဖြစ်သည်။
Java Declare Multiple Variables
Data type တူညီသော variable များအား တစ်ခုထက်ပိုပြီး ကြေညာ(declare) လုပ်လိုလျှင် comma "," ဖြင့် ပိုင်းခြားအသုံးပြုကာ ကြေညာ (declare) လုပ်နိင်သည်။
ဥပမာ။
ယခုရေးသားနည်း အစား
int x = 5;
int y = 6;
int z = 50;
System.out.println(x + y + z);ယခုကဲ့သို့ ရေးသားနိုင်သည်။
int x = 5, y = 6, z = 50;
System.out.println(x + y + z);One Value to Multiple Variables
တူညီသော တန်ဖိုး (value) တစ်ခုအား များစွာသော variable အတွင်းသို့ တစ်ကြောင်းတည်းရေးသားခြင်းအား ဖြင့် အစားသွင်းနိုင်သည်။
ဥပမာ။
int x, y, z;
x = y = z = 50;
System.out.println(x + y + z);
No comments:
Post a Comment