၁။ Programming ဆိုတာ ဘာလဲ
Programming ဆိုသည်မှာ computer programs (software) များအား design ရေးဆွဲတည်ဆောက် ခြင်း လုပ်ငန်းစဥ် တစ်ခုဖြစ်ပါသည်။
Computer Programs or software ဆိုသည်မှာအဘယ်နည်းဟု ဆိုလျှင် ကျွန်ုပ်တို့ အသုံးပြုနေသော computers များအား မိမိလုပ်ဆောင်စေလိုသော လုပ်ဆောင်ချက်များ အလိုလျှောက်လုပ်ဆာင်နိုင်စေရန် ညွှန်ကြားချက်များ (set of instructions) ရေးဆွဲသတ်မှတ် ပေးထားပြီး အသင့်အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားသော အရာဖြစ်သည်။
ထိုကဲ့သို့သော programs များကို programming language တစ်ခုခုဖြင့် programmer များက ရေးဆွဲ ထားခြင်း ဖြစ်ပြီး ထိုကဲ့သို့လုပ်ဆောင်သော ဘာသာရပ်ကို programming ဟု ခေါ်ဆိုခြင်းဖြစ်သည်။
Program ဆိုသည်မှာ အထက်တွင် ရှင်းပြထားခဲ့သည့် အတိုင်း ပြဿနာများ၏ solution (ဖြေရှင်းချက်) တစ်ခုဖြစ်သည်။ အပြင် လက်တွေ့ လောကတွင် ကြုံတွေ့ ရင်ဆိုင်နေ ရသော လုပ်ဆောင်ချက်အခက် အခဲများ၊ ထပ်ခါ ထပ်ခါ ပြုလုပ်နေ ရသော အလုပ်များ၊ အချိန်ကုန်လူပင်ပန်းစေသော ကိစ္စများ အား အလွယ် တကူနှင့် သက်သက်သာသာ အချိန်ကုန်သက်သာပြီး ညွှန်ကြားချက် (instruction) နည်းနည်း ဖြင့် အလိုအလျှောက် ပြီးမြှောက်စေလိုသော ရည်ရွယ်ချက်ဖြင့် ဖန်တီးထားခြင်းဖြစ်သည်။
Step in Programming
(i) ပြဿနာအားနားလည်အောင်ပြုလုပ်ခြင်း (Understanding the Problem)
Analyze and understand the problem you want to solve.
Software (Program) တစ်ခု စတင်ဖန်တီးရန် ပထမဦးဆုံး လုပ်ဆောင်ရမည့် အချက်မှာ problem analysis ဖြစ်သည်။ ပြဿနာအားဖြေရှင်းနိုင်ရန်နှင့် ဖြေရှင်းလိုသောပြဿနာအား နားလည်စေရန် သေချာစွာခွဲခြမ်းစိတ်ဖြာ၍ စီစစ်သုံးသပ်ခြင်းကို ဦးစွာလုပ်ဆောင်ရသည်။
(ii) အစီအစဥ်ရေးဆွဲခြင်း (Planning)
Design a solution and break it down into smaller, manageable tasks.
ထိုကဲ့သို့ သုံးသပ်ထားသောသုံးသပ်ချက်များအားအခြေခံ၍ လိုအပ်သည့်အချက်အလက် (information) များကို စတင်စုဆောင်းရသည်။ ထိုနောက် code စတင်ရေးရန် design အား စတင် အကောင်အထည် ဖော်ရေးဆွဲရသည်။ ဒီအပိုင်းတွင် UML အသုံးပြ၍ use case diagram, sequence diagram, class diagram, flow chart စသည့် prototype ပြုလုပ်ရေးဆွဲခြင်းများပါဝင်သည်။
(iii) ကုဒ်ရေးသားခြင်း (Writing code)
Use a programming language to write the instructions that solve each task.
ထိုကဲ့သို့ design ပိုင်းသေချာစွာပြင်ဆင် ရေးဆွဲပြီးနောက် အမှန်တကယ်အလုပ်လုပ်မည့် programming code ကို ၄င်း design အတိုင်းစတင်ရေးဆွဲရသည်။ မိမိအသုံးပြုရေးသားမည့် programming language အား Design ရေးဆွဲစဥ်ကပင် ထည့်သွင်းစဥ်းစားရွေးချယ်ရန်လိုအပ်သည်။ ဥပမာ programming language များဖြစ်သည့် Java, C#, Python, PHP စသည်ဖြင့် မိမိရေးဆွဲမည့် software ဖြင့် လိုက်ဖက်၍ မိမိတတ်ကျွမ်းသော programming language ဖြင့်တည်ဆောက်မှသာ software ရေးသားရာတွင် အဆင်ပြေချောမွှေ့မည်ဖြစ်သည်။
ဒီအပိုင်းကို coding process သို့ developing state အဖြစ် သတ်မှတ်ကြသည်။ ယခုအပိုင်းမှာ programmer/developer များ အဓိကလုပ်ဆောင်ရသော အပိုင်းဖြစ်သည်။
(vi) စမ်းသပ်ခြင်း (Testing)
Check the program for errors and ensure it produces the correct results.
Software ရေးသားခြင်းပြီးစီးပါက မိမိရေသားထားသည့် code များ အမှန်တကယ် အလုပ်လုပ်ခြင်းရှိမရှိ မိမိခန့်မှန်းတွက်ချက်ထားသည်နှင့် ကိုက်ညီမှု ရှိမရှိအား ပြန်လည်စမ်းသပ်စစ်ဆေးရသည်။ Testing စမ်းသပ်ခြင်းအပိုင်းတွင် အမျိုးအစားအမျိုးမျိုးရှိနိုင်သည်။ Unit Testing ဟုခေါ်သော unit တစ်ခုခြင်း function (လုပ်ဆောင်ချက်) တစ်ခုခြင်းစီ အလိုက်စစ်ဆေး ခြင်း၊ Integration Testing ဟုခေါ်သော function များပေါင်းစပ် စစ်ဆေးခြင်း စသည့် များကို အဆင့်အလိုက်ဆောင်ရွက်ရသည်။ ထိုကဲ့သို့သော စမ်းသပ်မှုများကို development testing ဟု အကြမ်းဖျင်းသတ်မှတ်နိုင်သည်။ Development Testing အပိုင်းပြီးစီးပါက UAT (User Acceptance Testing) ဟုခေါ်သော အမှန်တကယ် အသုံးပြုမည့် user များအားပေး၍ စမ်းသပ်စေပြီး အမှန်တကယ် လိုအပ်ချက်နှင့် ကိုက်ညီမှု ရှိမရှိကို စစ်စေးရသည်။
(v) အမှားရှာဖွေခြင်း (Debugging)
Identify and fix any errors or bugs in the code.
Development Testing, User Testing များမှ တွေ့ရှိသော (bug) အားနည်းချက်များ အမှားများ (errors) အား ပြန်လည်ရှာဖွေခြင်း မိမိရေးသားထားသော program code များအား အမှားရှာဖွေခြင်းကို debugging ပြုလုပ်ခြင်းဟုခေါ်သည်။ မိမိရေးသားထားသော code တစ်ကြောင်းချင်းစီအား program run ၍ line by line အမှားရှာဖွေခြင်းကို error tracing (debugging) ပြုလုပ်ခြင်းဟုခေါ်သည်။
(vi) ပိုမိုကောင်းမွန်အောင်ပြုလုပ်ပြင်ဆင်ခြင်း (Optimizing)
Enhance the code for better performance or efficiency.
အထက်ပါ အဆင့်များ ပြီးဆုံး၍ အသုံးပြုသူ (User) များ စတင်သုံးစွဲနေသည့် ကာလ အတွင်း ပိုမိုကောင်းမွန်၍ လွယ်ကူသော feature များ UI flow များထပ်မံ ဖြည့်စွက်ထည့်သွင်းခြင်းမှ စ၍ performance ပိုမိုကောင်းမွန်စေရန် code optimizing လုပ်ခြင်းများ ကိုပါ လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ ပိုမိုကောင်းမွန်သည့် code ရေးသားပုံများဖြင် ပြန်လည် ပြင်ဆင်ကာ အသုံးပြုရလွယ်ကူလျှင်မြန်စေရန် ပြင်ဆင် ဖြည့်စွက်ခြင်းကို ဆိုလိုသည်။
(vii) ပြုပြင်ထိန်းသိမ်းခြင်း (Maintaining)
Update and modify the code as needed to adapt to changing requirements.
Maintainance ပြုလုပ်ခြင်းလုပ်ငန်းစဥ်သည် အသုံးပြုရာတွင် တွေ့ရှိထားသော အခက်အခဲများ error များ bug များအား ပြန်လည်ပြင်ဆင်၍ update လုပ်ဆောင်ပေးခြင်း၊ requirements အသစ်များအတွက် module အသစ်များ ဖြည့်စွက်ပေးခြင်း၊ technical design အရ မှားယွင်းချက်များ ပြင်ဆင်ဖြည့်စွက်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်သည်။
Programming is a creative and problem-solving activity that empowers individuals to create software, automate processes, and innovate in the digital world.
အချုပ်အားဖြင့် ဆိုရသော် programming ဆိုသည်မှာ အသစ်ဖန်တီးခြင်း နှင့် ပြဿနာများအား ဖြေရှင်းခြင်း ဆိုသည့် ရည်ရွယ်ချက်များဖြင့် software များ ဖန်တီးရေးသား၍ အလိုအလျောက်လုပ်ဆောင်ခြင်း၊ digital ကမ္ဘာကြီးအတွက် ဆန်းသစ်သော တီထွင်ဖန်တီးမှုများ ပြုလုပ်ပေးသော လုပ်ငန်းစဥ်တစ်ခု ဖြစ်သည်။
Programming Basic Tutorial
No comments:
Post a Comment